International News

ထိုင်းနိုင်ငံ၏ ၂၀၂၀ ခုနှစ် ဇန်နဝါရီလအတွက် ပြည်ပပို့ကုန် (၉.၄၄ ရာခိုင်နှုန်း) ကျဆင်းမှု

Last Updated:

ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုသည် ကမ္ဘာ့စီးပွားရေးနှင့်    ထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်းများကိုထိခိုက်စေကြောင်း၊ အထူးသဖြင့်တရုတ်ပြည်တောင်ပိုင်းသို့ ထိခိုက်မှုကြောင့် ထိုင်းနိုင်ငံ၏ နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုသည် ယခုနှစ် ပထမလတွင် (၁၀.၈%) ကျဆင်းခဲ့ပါသည်။ ယမန်နေ့ (၂၇.၂.၂၀၂၀ရက်နေ့) က နိုင်ငံခြားကုန်သွယ်မှုဌာနမှ နယ်စပ်ဖြတ်ကျော် တစ်ဆင့်ဖြတ်သန်းကုန်သွယ်မှုအပါအဝင် နိုင်ငံ၏ နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုမှာ စုစုပေါင်း ဘတ်ငွေ (၈၆.၁) ဘီလီယံရှိခဲ့ကြောင်း၊ မလေးရှားနိုင်ငံမှာနယ်စပ်ကုန်သွယ်မှုတွင်အကြီးမားဆုံး ကုန်သွယ် ဖက် နိုင်ငံဖြစ်ကြောင်း အစီရင်ခံတင်ပြခဲ့ပါသည်။

နယ်စပ်ဖြတ်ကျော် တစ်ဆင့် ဖြတ်သန်းကုန်သွယ်မှုတွင် တစ်နိုင်ငံထက်ပိုသော နိုင်ငံများပါဝင်ကြပါသည်။ စုစုပေါင်းကိန်းဂဏန်းများအရ ထိုင်းနိုင်ငံမှ ပြည်ပတင်ပို့မှု မှာ စုစုပေါင်း ဘတ်ငွေ (၅၉.၅) ဘီလီယံရှိပြီး ယမန်နှစ်ဇန်နဝါရီလက ထက် (၉.၄၄%) ကျဆင်းသွားကြောင်း၊ သွင်းကုန် တင်သွင်းမှုမှာ (၁၃.၆%) ကျဆင်းသွားပြီး ဘတ်ငွေ (၂၆.၆) ဘီလီယံရှိကြောင်း၊ သို့ဖြစ်၍ ကုန်သွယ်မှု ပိုငွေဘတ် (၃၂.၉) ဘီလီယံရှိခဲ့ပါသည်။

အိမ်နီးချင်း(၄)နိုင်ငံနှင့်ထိုင်းနိုင်ငံ၏ နယ်စပ်ကုန်သွယ်မှုမှာ ဘတ်ငွေ (၈၆.၁) ဘီလီယံရှိခဲ့ပြီး ယမန်နှစ် ဇန်နဝါရီလက ကုန်သွယ်မှု တန်ဖိုးဘတ်ငေွ (၉၅.၁) ဘီလီယံထက်ထက် (၉.၄၉%) ကျဆင်းခဲ့ခြင်းဖြစ်ပါသည်။

စုစုပေါင်းကုန်သွယ်မှုတွင်မလေးရှားနိုင်ငံနှင့်နှစ်နိုင်ငံ အပြန်အလှန်ကုန်သွယ်မှုမှာ ဘတ်ငွေ (၃၁) ဘီလီယံရှိခဲ့ပြီး လာအိုနှင့် (၂၄.၁) ဘီလီယံ၊ ကမ္ဘောဒီးယားနှင့် (၁၆.၈) ဘီလီယံ၊ မြန်မာနှင့်(၁၄)ဘီလီယံရှိခဲ့ပါသည်။ စင်္ကာပူ၊ ဗီယက်နမ်၊ တရုတ်တောင်ပိုင်းနှင့် နယ်စပ်ဖြတ်ကျော် တစ်ဆင့်  ဖြတ်သန်းကုန်သွယ်မှု ကုန်သွယ်မှု ပမာဏမှာ ဘတ်ငွေ (၂၅.၂) ဘီလီယံရှိခဲ့ပြီး ၂၀၁၉ ခုနှစ်က ပမာဏဖြစ်သော (၂၄.၄) ဘီလီယံထက် (၃.၃၆%) တိုးတက်ခဲ့ကြောင်း၊ တရုတ်ပြည် တောင်ပိုင်းနှင့် တစ်ဆင့် ဖြတ်သန်းကုန်သွယ်မှုမှာ အမြင့်ဆုံးပမာဏတန်ဖိုး ဘတ်ငွေ (၁၅.၁) ဘီလီယံရှိခဲ့ပြီး ၎င်းနောက်တွင်စင်္ကာပူ (၆.၁၇ဘီလီယံ)၊ ဗီယက်နမ် (၃.၉၆ ဘီလီယံ)တို့ဖြစ်ပါသည်။

ဉီးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် Keerati Rushchano က ထိုင်းနိုင်ငံ၏ နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုသိသိသာသာကျဆင်းရခြင်းသည် များပြားလှသည့် အချက် များကြောင့်ဖြစ်ကြောင်း၊ အထူးသဖြင့် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့်ဖြစ်ပြီး ၎င်းက ထိုင်းနှင့်အိမ်နီးချင်းနိုင်ငံများ၏ ကုန်သွယ်မှုနှင့် ခရီးသွားကဏ္ဍ အပါအဝင် ကမ္ဘာ့စီးပွားရေးကိုဟန့်တားမှုကိုဖြစ်စေကြောင်း ပြောကြားခဲ့ပါသည်။

မစ္စတာကာရာတီကယခုလအတွင်း Narathiwat တွင် တောင်ပိုင်းနယ်စပ်ကုန်သွယ်မှုပြပွဲ ကို ကျင်းပခဲ့ပြီး Sa Kaeo ၊ Chiang Rai Nakhon Phanom Tak Yala စသည့်အခြားပြည်နယ်များတွင်လည်းအလားတူနယ်စပ်ကုန်သွယ်ရေးပြပွဲများကိုကျင်းပရန်စီစဉ်ထားကြောင်းပြောကြားခဲ့ပါသည်။

ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် နယ်စပ်ကုန်သွယ်ရေးအတားအဆီးများကို ဖြေရှင်းရန် အစိုးရနှှင့်ပုဂ္ဂလိကကဏ္ဍတို့အကြား ပူးတွဲအစည်းအဝေးများ ပြုလုပ်သွားရန် လည်းစီစဉ်ထားပါသည်။ ၂၀၁၉ ခုနှစ်တွင် တစ်ဆင့်  ဖြတ်သန်းကုန်သွယ်မှု အပါအဝင် နိုင်ငံ၏ နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုမှာ (၁.၃၄) ထရီလီယံဖြစ်ပြီး စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ရည်မှန်းချက် Target ဖြစ်သော(၁.၆) ထရီလီယံထက်လျော့နည်းခဲ့ရပြီး ၂၀၁၈ခုနှစ်ကထက် (၃.၄%) ကျဆင်းခဲ့ခြင်းဖြစ်ပြီး ၎င်းမှာ ဘတ်ငွေတန်ဖိုးမြင့်တက်ခဲ့မှု၊ နိုင်ငံခြားငွေလဲနှုန်း မတည်ငြိမ်မှုနှင့်ကာလကြာရှည်ဖြစ်ပွားနေသော ကုန်သွယ်ရေးစစ်ပွဲတို့ကြောင့်လည်းဖြစ်ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ)

Source:Bangk Post                                                               

Category: International News